Thursday 31 July 2008

ဘုရားဂုဏ်တော်ကိုးပါး အနက်အဓိပ္ပာယ် နဲ့ အကျိုးပြုပုံများ



သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ ကိုယ်ကျင့်တရား(၄)ပါးတရားတော်မှာလဲ ပါပါတယ်... မနားကြားဖြစ်တဲ့သူတွေ အတွက် သိကောင်းစရာ၊ မှတ်သားဖွယ်ရာလေး တွေကိုထုတ်ဖော်ဖွင့်ဆိုပြပါမယ်... ပါရမီတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ အနည်းဆုံး ဘုရားရှစ်ခိုးနဲ့ ငါးပါးသီလ ကိုရကြပါတယ်... ထို့အတူပဲ ဗုဒ္ဓါနုတ်သတိ ဘုရားဂုဏ်တော်ကိုးပါးကိုလဲ အဆင်သင့်သလို ပွားများကြပါတယ်... ကိုယ်ပွားနေတဲ့ ဂုဏ်တော်ရဲ့ အနက်အဓိပ္ပာယ်သိထားတော့ ပိုပြီးကုသိုလ်ဖြစ်တာပေါ့နော်...ပြီးတော့ ဘယ်ဂုဏ်တော်ကို ဘယ်လိုအခါမျိုးမှာရွတ်ရင် ပိုကောင်းတယ်ဆိုတာ သိသင့်တယ်ထင်လို့ပါ။ တစ်ချို့ဂုဏ်တော်တွေရဲ့ အဓိပ္ပာယ်ကိုသိထားပြီးလဲဖြစ်မှာပါ.. မေ့နေတာတွေလဲရှိကောင်းရှိနိုင်ပါတယ်...

Tuesday 22 July 2008

ပဌာန်း (၂၄) ပစည်း၏ အဓိပါယ်ဖွင့်ဆိုချက်များ...

ဒါကတော့ ၂၄ပဌာန်းပစ္စည်းပါ.. ၈တန်းတုန်းကအတန်းပိုင်ဆရာမက သူကဘာသာတရားကိုင်းရှိုင်းတာ..ကျောင်းရောက်ပြီဆို..အတန်းမစခင် အကုန်လုံးကို ဘု၇ားစာရှိခိုးခိုင်းတယ်..ပြီးတော့မှာစာစသင်တာ...သူပြောတယ်.. သူအဲဒါကိုယုံ၂ကြည်၂ရွတ်ဆိုတယ်တဲ့..ရွတ်လို့ရှိရင်လည်းလေး၂စားရွတ်ပါတဲ့..အကျိုးထူးပါလိမ့်မယ်တဲ့.. ၂၄ပဌာန်းဆိုတာကမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူထားတာပါ... အခုနောက်ပိုင်းဂါထာတွေအများကြီးထွက်တာတွေ.တယ်..တချို.ကတော့ မြတ်စွာဘု၇ားဟောထားတာကိုမှီငြမ်းပြီးပြန်ပြင်ထားတာပါ..ဒါကတော့ အော်ရီဂျင်နယ်ပေါ့..... ပါဠိရော..မြန်မာလိုရော ၂မျိုးဆိုတော့ နဲ၂တော့ပိုရှင်းတာပေါ့နော်..ဒါပေမယ် တချို.စာလုံးတွေတောင် ကျမလည်းသိပ်နားမလည်ပါ အမှန်အတိုင်းဝန်ခံရရင်.. ဒါကတော့ထဲ၂၀င်၂လေ့လာရင်တော့ ဘာကဘာဆိုတာသိမယ်ထင်ပါတယ်.....ဂါထာတော်တွေဆိုတာအများကြီးပါပဲ..... သဘောတရားကတော့တူ၂ပဲ...လူတိုင်းမှာကိုယ့်စတိုင်နဲ့ဆိုတာကိုယ်ရှိကြမှာပါ... စာရေးဆရာတောင်သူ.စတိုင်နဲ့သူ.ေ၇းနည်းရေးဟန်သူပေါ့....ဘုန်း၂တွေလည်းသူ.နည်းသူ.ဟန်ရှိကြပါတယ်....ဘုရားရှိခိုးလည်းအမျိုး၂ရှိတာပဲ.....သချာင်္ပုစ္ဆာ၁ပုဒ်ကို ဖော်မြူလာအမျိုးနဲ့တွက်လို့ရပါတယ်..နောက်ဆုံးအဖြေမှန်ရင်ပြီးတာပဲ...ဒါပေမယ့် နောက်ဆုံးသဘောတရားကဒါပါပဲလေ......ယုံ၂ကြည်၂နဲ့ရွတ်ဆိုပူဇော်ကြပါ.....ပြီးရင် ရ၇က်သားသမီးကို အမျှအတန်းဝေပါ.အမြဲတမ်းရွတ်ပါလို့မပြောလိုပါဘူး...အားမှာလည်းမဟုတ်ဘူးဆိုတာသိပါတယ်....ဥပမာ မြန်မာအခါကြီးရက်ကြီးတွေပေါ့..လပြည့်နေ့လိုအခါမျိုးပေါ့....ဒီဖိုရမ်ကိုလာရင်းနဲ့မြင်ခဲ့သည်ရှိသော်ရွတ်လို့ရတာပေါ့နော်.....ကုသိုလ်တွေဘာတွေအသာထားပါ ကောင်းတာလုပ်မှ ကောင်းတာရမှာ(ဒါကအများပြော)....ကောင်းတာလုပ်တိုင်းလည်းကောင်းတာကြီးပဲပြန်ရ ရမယ် ရယ်လို့တော့မရှိပါဘူး...ဘာပဲဖြစ်၂ပါ..မကောင်းတာလုပ်တာထက်စာရင် ကောင်းတဲ့အရာတွေပိုလုပ်ရင် ပိုမကောင်းဘူးလား.... :D ..ဘာပဲလုပ်၂ကိုယ့်အတွက်ကအရင်ရတာပါ..သူများအတွက်ကိုကလုပ်တယ်ဆိုပေမယ့်လည်း ကိုယ်ကစိတ်ချမ်းသာမှုရတာ ကိုယ်အရင်ရတာပါ :-)

ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။
အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။
သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။