Thursday 31 July 2008

ဘုရားဂုဏ်တော်ကိုးပါး အနက်အဓိပ္ပာယ် နဲ့ အကျိုးပြုပုံများ



သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ ကိုယ်ကျင့်တရား(၄)ပါးတရားတော်မှာလဲ ပါပါတယ်... မနားကြားဖြစ်တဲ့သူတွေ အတွက် သိကောင်းစရာ၊ မှတ်သားဖွယ်ရာလေး တွေကိုထုတ်ဖော်ဖွင့်ဆိုပြပါမယ်... ပါရမီတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ အနည်းဆုံး ဘုရားရှစ်ခိုးနဲ့ ငါးပါးသီလ ကိုရကြပါတယ်... ထို့အတူပဲ ဗုဒ္ဓါနုတ်သတိ ဘုရားဂုဏ်တော်ကိုးပါးကိုလဲ အဆင်သင့်သလို ပွားများကြပါတယ်... ကိုယ်ပွားနေတဲ့ ဂုဏ်တော်ရဲ့ အနက်အဓိပ္ပာယ်သိထားတော့ ပိုပြီးကုသိုလ်ဖြစ်တာပေါ့နော်...ပြီးတော့ ဘယ်ဂုဏ်တော်ကို ဘယ်လိုအခါမျိုးမှာရွတ်ရင် ပိုကောင်းတယ်ဆိုတာ သိသင့်တယ်ထင်လို့ပါ။ တစ်ချို့ဂုဏ်တော်တွေရဲ့ အဓိပ္ပာယ်ကိုသိထားပြီးလဲဖြစ်မှာပါ.. မေ့နေတာတွေလဲရှိကောင်းရှိနိုင်ပါတယ်...

Tuesday 22 July 2008

ပဌာန်း (၂၄) ပစည်း၏ အဓိပါယ်ဖွင့်ဆိုချက်များ...

ဒါကတော့ ၂၄ပဌာန်းပစ္စည်းပါ.. ၈တန်းတုန်းကအတန်းပိုင်ဆရာမက သူကဘာသာတရားကိုင်းရှိုင်းတာ..ကျောင်းရောက်ပြီဆို..အတန်းမစခင် အကုန်လုံးကို ဘု၇ားစာရှိခိုးခိုင်းတယ်..ပြီးတော့မှာစာစသင်တာ...သူပြောတယ်.. သူအဲဒါကိုယုံ၂ကြည်၂ရွတ်ဆိုတယ်တဲ့..ရွတ်လို့ရှိရင်လည်းလေး၂စားရွတ်ပါတဲ့..အကျိုးထူးပါလိမ့်မယ်တဲ့.. ၂၄ပဌာန်းဆိုတာကမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူထားတာပါ... အခုနောက်ပိုင်းဂါထာတွေအများကြီးထွက်တာတွေ.တယ်..တချို.ကတော့ မြတ်စွာဘု၇ားဟောထားတာကိုမှီငြမ်းပြီးပြန်ပြင်ထားတာပါ..ဒါကတော့ အော်ရီဂျင်နယ်ပေါ့..... ပါဠိရော..မြန်မာလိုရော ၂မျိုးဆိုတော့ နဲ၂တော့ပိုရှင်းတာပေါ့နော်..ဒါပေမယ် တချို.စာလုံးတွေတောင် ကျမလည်းသိပ်နားမလည်ပါ အမှန်အတိုင်းဝန်ခံရရင်.. ဒါကတော့ထဲ၂၀င်၂လေ့လာရင်တော့ ဘာကဘာဆိုတာသိမယ်ထင်ပါတယ်.....ဂါထာတော်တွေဆိုတာအများကြီးပါပဲ..... သဘောတရားကတော့တူ၂ပဲ...လူတိုင်းမှာကိုယ့်စတိုင်နဲ့ဆိုတာကိုယ်ရှိကြမှာပါ... စာရေးဆရာတောင်သူ.စတိုင်နဲ့သူ.ေ၇းနည်းရေးဟန်သူပေါ့....ဘုန်း၂တွေလည်းသူ.နည်းသူ.ဟန်ရှိကြပါတယ်....ဘုရားရှိခိုးလည်းအမျိုး၂ရှိတာပဲ.....သချာင်္ပုစ္ဆာ၁ပုဒ်ကို ဖော်မြူလာအမျိုးနဲ့တွက်လို့ရပါတယ်..နောက်ဆုံးအဖြေမှန်ရင်ပြီးတာပဲ...ဒါပေမယ့် နောက်ဆုံးသဘောတရားကဒါပါပဲလေ......ယုံ၂ကြည်၂နဲ့ရွတ်ဆိုပူဇော်ကြပါ.....ပြီးရင် ရ၇က်သားသမီးကို အမျှအတန်းဝေပါ.အမြဲတမ်းရွတ်ပါလို့မပြောလိုပါဘူး...အားမှာလည်းမဟုတ်ဘူးဆိုတာသိပါတယ်....ဥပမာ မြန်မာအခါကြီးရက်ကြီးတွေပေါ့..လပြည့်နေ့လိုအခါမျိုးပေါ့....ဒီဖိုရမ်ကိုလာရင်းနဲ့မြင်ခဲ့သည်ရှိသော်ရွတ်လို့ရတာပေါ့နော်.....ကုသိုလ်တွေဘာတွေအသာထားပါ ကောင်းတာလုပ်မှ ကောင်းတာရမှာ(ဒါကအများပြော)....ကောင်းတာလုပ်တိုင်းလည်းကောင်းတာကြီးပဲပြန်ရ ရမယ် ရယ်လို့တော့မရှိပါဘူး...ဘာပဲဖြစ်၂ပါ..မကောင်းတာလုပ်တာထက်စာရင် ကောင်းတဲ့အရာတွေပိုလုပ်ရင် ပိုမကောင်းဘူးလား.... :D ..ဘာပဲလုပ်၂ကိုယ့်အတွက်ကအရင်ရတာပါ..သူများအတွက်ကိုကလုပ်တယ်ဆိုပေမယ့်လည်း ကိုယ်ကစိတ်ချမ်းသာမှုရတာ ကိုယ်အရင်ရတာပါ :-)

ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။
အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။
သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

Tuesday 13 May 2008

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဓုဒ္ဓဿ

ပစ္စယုဒ္ဓေသ ပါဋ္ဌိ

ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော ၊

အဓိပတိ ပစ္စယော၊

အနန္တရပစ္စယော ၊ သမနန္တရ ပစ္စယော ၊

သဟဇာတ ပစ္စယော ၊

အညမည ပစ္စယော၊ နိဿယ ပစ္စယော၊

ဥပနိဿယပစ္စယော ၊

ပုရေဇာတ ပစ္စယော ၊ ပစ္ဆာဇာတ ပစ္စယော၊

အာသေ၀နပစ္စယော ၊

ကမ္မ ပစ္စယော ၊ ၀ိပါက ပစ္စယော ၊ အာဟာရ ပစ္စယော ၊

ဣန္ဒြိယပစ္စယော ၊

ဈာန ပစ္စယော ၊ မဂ္ဂ ပစ္စယော ၊ သမ္ပယုတ္တ ပစ္စယော ၊

ဝိပ္ပ ယုတ္တ ပစ္စယော၊

အတ္ထိပစ္စယော ၊ နတ္ထိ ပစ္စယော ၊ ၀ိဂတ ပစ္စယော ၊

အ၀ိကတ ပစ္စယော တိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

ပဋ္ဌာန်း ၂၄ ပစ္စည်း အကျဉ်းပြီး ၏ ။


Thursday 1 May 2008

သြကာသ ဘုရားရှိခိုး

သြကာသ ဘုရားရှိခိုး


သြကာသ၊ သြကာသ ၊ သြကာသ ၊
ဲကာယကံ ၊ ၀စီကံ ၊ မနောကံ
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို
ပျောက်ပါစေခြင်းအကျိုးငှာ
ပထမ ၊ ဒုတိယ ၊ တတိယ၊
တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင်
ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ်
လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး ၊
ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍
နိဗ္ဗာန်ချမ်းသာ တရားတောာ်မြတ်ကို ရပါလို၏ အရှင်ဘုရား။

တောင်ကျွန်းသမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စဿတသဟဿာနိ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါလုကာ ဂင်္ဂါ၊ အနန္တာနိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကအန္တရာရာပိ၊ ဝိနဿန္တု အသေသတော။

မဏိဇောတ (ပတ္တမြားရတနာဂါထာတော်)

၁။ ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိစန္ဒိမာ
ဿန္နဒ္ဓေါ ခတ္ထိယော တပတိ ၊ ဈာယီ တပတိ ဗြဟ္မဏော
အထသဗ္ဗာ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ
ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ ၊ ဟောတု ဇယ မင်္ဂလံ ။
၂။ ဖုဋ္ဌဿ လောကဓမ္မေဟိ
စိတ္တံ ယဿ ၊ န ကမ္ပတိ
အ သောကံ ဝိရဇံ ခေမံ။
၃။ တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ - ပိယေဟိ ပိယေဟိ မမပိယေဟိ-
သိန္နေဟံ သိန္နေဟံ မမသိန္နေဟံ -
ရာဇ စိတ္တံ ပိယံမှိုင်းမှိုင်း - အမစ္စ ရာဇ စိတ္တံ ပိယံမှိုင်းမှိုင်း - အမစ္စ
စိတ္တံ ပိယံမှိုင်းမှိုင်း -
ဒေဝ စိတ္တံ ပိယံမှိုင်းမှိုင်း - ဒေဝီ စိတ္တံ ပိယံမှိုင်းမှိုင်း -
ပုရိသ စိတ္တံ ပိယံမှိုင်းမှိုင်း - ဣတ္ထိ စိတ္တံ ပိယံမှိုင်းမှိုင်း -
သဗ္ဗ စိတ္တံ ပိယံမှိုင်းမှိုင်း - သြောင်း ဧဟိ -ဧဟိ - ဗလံခြင်း -
သြောင်း ဧဟိ -ဧဟိ - ဗလံကပ် - သြောင်း ဧဟိ -ဧဟိ - ဗလံခြင်းကပ် စေ။
၎။ သဗ္ဗ ဟိတ - မင်္ဂလာနိ - ပုညာဘိ - သိရိသောဘဏီ
သူရဿတီစ - မေမာတာ၊ နိစ္စံ - ရက္ခန္တု - မံသဒါ ။
ဂါထာတော် တစ်ပုဒ် လျှင် ၂၇ ခေါက်စီဖြင့် ရွတ်ဖတ်သရဇ္ဈယ်
ရပါမည်။စုစုပေါင်း ဂါထာတော် ၄ ပုဒ် ဖြစ်၍ အခေါက်ရေပေါင်း ၁၀၈ ခေါက်
စေ့အောင် ရွတ်ဖတ်သရဇ္ဈယ် ရပါမည်။ ထို့  ပြင် ထို ဂါထာတော် ၄ ပုဒ် ကို
၁၀၈ ခေါက် စေ့အောင် ရွတ်ဖတ်သရဇ္ဈယ် ရာ တွင် တထိုင်ထဲ နှင့် ( ဝါ )
ဣတ္ထိယာ ပုတ် တစ်ပါးထဲ နှင့် ပြီးစီးအောင် ရွတ်ဖတ်သရဇ္ဈယ် ရမည် ကို
အထူးသတိပြုပါလေ။

ဝေပုလ္လာ ရာမ ဆရာတော်
(မဟာ သဒ္ဓမ္မ ဇောတိကဓဇ)
ပြည်မြို့။

Monday 28 April 2008

ဗုဒ္ဓဂုဏ်တော်ဘုရားရှိခိုး

ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ)၏
ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး
“နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ”
မဟာကာရုဏိကဿ- ကြီးကျယ်များပြား ကရုဏာတရားကို၊ ဝေနေယျသတ္တ၀ါတို့အပေါ်၌ ထားတော်မူပေထသော၊ မဟာကာ ရုဏိကဿ- အောက်သံသရာသက္ကာယ၊ အထက်သံသရာသက္ကာယဟု ဆိုအပ်သောသက္ကာယနှစ်ဌာနသို့၊ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ မဟာကာရုဏိကဿ- ဒုဂ္ဂတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာတရားတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကား သဿတ လမ်းစဉ်၊ ဤကား ဥစ္ဆေဒလမ်းစဉ်ဟူ၍၊ အယုတ်တရားနှစ်ပါးတို့ကိုရှောင်ရှားကာ၊ မဇ္ဈိမပဋိဒါ အကျင့်မြတ်လမ်းစဉ်ကိုသာလျှင် ဝေဖန် ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကားပယ်သတ်ရမည့် အကြောင်းတရား၊ ဤကားသိရုံသာ သိရမည့် အကျိုးတရားဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိဥာတဗ္ဗခန္ဓာတို့ကို၊ ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ ရှိတော်မူသော၊ သမ္မာသမ္ဗုဒ္ဓဿ- သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူသယမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီး ထသော၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီးသည့်အလျောက်၊ ဝေနေယျသတ္တ၀ါတို့ကို ကိုယ်တော်နှင့်မခြား တစ်မူအလားတူ သာလျှင်၊ သိမြင်တော်မူစေတတ်သော သဗ္ဗညုတဥာဏပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား၊ နမော- ဦးခေါင်းညွှတ်ကျိုး လက်စုံမိုး ၍၊ ရှိခိုးကန်တော့လိုက်ရခြင်းသည်၊ အတ္ထု- စင်စစ်မသွေဖြစ်ပါစေသတည်း။ (သာဓု၊ သာဓု၊ သာဓု)

အသိပေးခြင်း။ ... ။ ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ) ၏ တရားပွဲအစတွင် ပူဇော်ကန်တော့ သောဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုးဖြစ်ပါတယ်။ ဘုရားရှင်၏ ကျေးဇူးတော်များကို ရှိခိုးပူဇော်နိုင်ရန် အတွက် နှစ်သစ်မှာ ဘုရားရှိခိုး ကန်တော့စာနှင့် ရေးသားကာ ပူဇော်လိုက်ရပါသည်။